ဝမ်းနည်းတတ်တဲ့ချစ်သူ (A sad lover) lyrics
by Idiots(Ray Mond)
အားတင်းထားပါဦး
မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော်
ငါတို့ဘဝအတွက်ပေါ့
အတူတူ ကြိုးစားခဲ့တာပဲ
ကံတရားဟာ ထင်သလောက်တော့
မရက်စက်ခဲ့တဲ့အတွက်
တို့နှစ်ယောက် မျှော်လင့်နိုင်ပါသေးတယ်
အုတ်တစ်ချက်နဲ့
သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့ မဝေးတော့လို့
အားမလျှော့နဲ့
ဆက်လျှောက်မယ်
Baby မင်းမျက်လုံးတို့ အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံး နေ့တို့ ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
ဘဝရဲ့အဓိပ္ပါယ်ကို
ငါတို့ အတူဖွင့်ပြီးတော့
ဆက်ကြိုးစားကြမယ်
ဘာများခက်လို့လဲ
မနက်အသစ် မရောက်ခင်သာ
အမှောင်ထုဟာ ကြာလွန်းခဲ့
နွေးထွေးခြင်းတို့နဲ့
နေမင်းရဲ့အလင်းရောင်လာတော့မယ်
အုတ်တစ်ချက်နဲ့
သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့ မဝေးတော့လို့
အားမလျှော့နဲ့
အားမလျှော့နဲ့
Baby မင်းမျက်လုံးတို့ အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံး နေ့တို့ ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
ဝမ်းနည်းရတဲ့နေ့တွေ
ပြန်ရေတွက်ဦးဟေ့
မဆိုစလောက်လေးပါ
နင်ယုံကြည်ထားပေး
တစ်နေ့နေ့ အကောင်းဆုံးဖြစ်မယ်
အားတင်းထားလိုက်တော့
တဒင်္ဂလေးပဲ
လာပါ ငိုမနေတော့နဲ့
အုတ်တစ်ချက်နဲ့
သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့ မဝေးတော့လို့
အားမလျှော့နဲ့
ဆက်လျှောက်မယ်
Baby မင်းမျက်လုံးတို့ အားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံး နေ့တို့ ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
လာပါ ဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
အားတင်းထားပါဦး
မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော်
ငါတို့ဘဝအတွက်ပေါ့